ဂျိုင်း (ဇာသပြင်)နှင့် အတ္ထရံ(မော်လမြိုင်) ဂျပန်- မြန်မာချစ်ကြည်ရေး ကြိုးတံတားအသစ်နှစ်စင်းကို တပြိုင်တည်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ယင်းတံတားအသစ် နှစ်စင်းလုံးကို မတ်လ ၈ ရက်နေ့ (မနက်ဖြန်)တွင် တပြိုင်နက်တည်း ဖွင့်လှစ်ပေးမည်ဟု သိရသည်။ဂျိုင်းတံတားမှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး အတ္ထရံတံတားမှာ မွန်ပြည်နယ် ကျိုက်မရောနှင့် စပယ်ဂူ ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။



