မြိတ်ဒေသခံ ပန်းချီဆရာကြီး တစ်ဦးဖြစ်သည့် ဗဂျီအောင်တင် (မြိတ်) သည် မတ်လ ၅ ရက်နေ့ ညနေပိုင်းက မြိတ်မြို့ ၊ သာကေတရပ် နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မြိတ်ဒေသခံ စာပေနှင့်အနုပညာအသိုင်းအဝိုင်းထံမှ သိရသည် ။ဗဂျီအောင်တင်သည် ကွယ်လွန်ချိန်၌ အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်သည် ။ဗဂျီအောင်တင် ၏ စျာပနကို ယနေ့ မတ်လ ၇ ရက် နေ့လယ်ပိုင်း၌ မြိတ်မြို့ ကလွင်ဘာသာပေါင်းစုံသုသာန်၌ ပြုလုပ်၍ သင်္ဂြိုဟ်မည်ဖြစ်သည် ။



