အရှေ့အလယ်ပိုင်းနိုင်ငံတချို့မှာ သောင်တင်နေတဲ့ ဂျပန်နိုင်ငံသားတွေအတွက် ဘေးလွတ်ရာ တိမ်းရှောင်ရေး ကူညီတဲ့လုပ်ငန်းအဆင့်တွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းက လေကြောင်းဧရိယာအများစုကို ပိတ်ထားပါတယ်။ ကူဝိတ်၊ ဘာရိန်း၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတွေကနေ ထွက်ခွာလိုသူတွေကို ဆော်ဒီအာရေဗျ ဒါမှမဟုတ် အိုမန်ကို ကုန်းလမ်းကနေ အရင်ဆုံး ပို့ဆောင်ပေးမယ်လို့ အဲဒီဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးဌာနက ရက်စွဲ၊ အချိန် အတိအကျနဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ပြည်ပမှာနေထိုင်မှုဆိုင်ရာ စာရင်းပေးထားတဲ့ ဂျပန်နိုင်ငံသားတွေဆီ ပေးပို့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။



