နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် One Stop Service အဖွဲ့ နှစ်ဖွဲ့ (သို့မဟုတ်) သုံးဖွဲ့ဖြင့် နေရာခွဲ၍ ဆောင်ရွက်သွားပါမည်ဖြစ်ပြီး ကျန်နယ်မြို့များတွင် One Stop Service အဖွဲ့ တစ်ဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ယနေ့ မတ်လ ၇ ရက်မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မတ်လ ၁၄ ရက်မှ စတင်ကာ ဥပဒေနည်းလမ်းတကျ ထုတ်ဆင့်ကြေညာထားသောအမိန့်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့မှ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။လိုက်နာခြင်းမရှိပါက ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁လ၊ ငွေဒဏ် ကျပ် နှစ်သောင်း၊ ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဟု ပြဌာန်းထားရှိချက်နှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



