ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ လျှပ်စစ်ဓာတ်အားလိုင်းပြင်ဆင်မည်ဖြစ်၍ မနက်ဖြန် မတ်လ ၈ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ ထိုင်း-မြန်မာ အမှတ် (၁) တံတားမှ ပတ်စ်ပို့၊ TBP တို့ဖြင့်ဝင်ရောက်မှုအား ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြဝတီလူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ မတ်လ ၇ ရက်တွင်အသိပေးကြေညာထားသည်။လျှပ်စစ်မီးပြန်လည်ရရှိပါက ဝင်/ထွက်သွားလာမှုကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



