ဒီနေ့ မတ်လ ၇ရက်နေ့က စတင်ပြီး သိန္နီကနေ ကွတ်ခိုင်ဘက်ကို ကုန်ကားတွေကို ပေးမဖြတ်တော့ဘဲသိန္နီတိုးဂိတ်မှာ အကုန်လုံးကို ပိတ်ဆို့ထားပြီး ကားတွေလည်း နာရီနဲ့ချီတန်းစီစောင့်ဆိုင်းနေရတယ်လို့ ကြုံနေရတဲ့ ကားသမားတွေက ပြောပါတယ်။ဒါ့အပြင် ဒီနေ့ မတ်လ ၇ရက်နေ့အထိ လားရှိုးကနေ နမ္မတူကိုလည်း စက်သုံးဆီနဲ့ဆန်တွေကို သယ်ဆောင်ခွင့် ကိုးကန့်တပ်က ပိတ်ပင်ထားဆဲဖြစ်ပါတယ်။



