back

လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိတ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး

Mar 07 • 11:12 AM

breaking-news

Myanmar

Yangon

cover

လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိတ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၊ အပြင်ဗဒံကျေးရွာ အနော်ရထာစက်မှုဇုံ ရှိ ဧရာဟင်္သာ ဆန်စက်အတွင်း ဆန်အိတ်ပုံပြိုကြပြီး အမျိုးသားလုပ်သား ၂ ဦး သ...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၊ အပြင်ဗဒံကျေးရွာ အနော်ရထာစက်မှုဇုံ ရှိ ဧရာဟင်္သာ ဆန်စက်အတွင်း ဆန်အိတ်ပုံပြိုကြပြီး အမျိုးသားလုပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။ဆန်အိပ်ပြိုကျရာကနေ ပျောက်ဆုံးနေတဲ့ အမျိုးသား ၂ဦးကို မတ်လ ၅ရက်နေ့မှာ သေဆုံးရက်အနေအထားနဲ့ တွေ့ရှိခဲ့ကာ၎င်း အမျိုးသား ၂ဦး ဟာ ဖေဖေါ်ဝါရီ ၁၀ရက်ကတည်းက ပျောက်ဆုံးနေပြီး ၂၄ ရက်ကြာမှ ပြန်လည်တွေ့ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသား၂ ဦးရဲ့ရုပ်အလောင်းများကို " မနောဖြူစင် " လူမှုကူညီးအသင်း၊ "ခွန်အားသစ် " လူမှုကူညီရေးအသင်း ၊" စိတ္တသုခု " လူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး လှိုင်သာယာဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင် ကူညီပေးခဲ့ပါတယ်။ 



news-view-count-icon

34