ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အီရန် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က သူတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပါတယ်။ အခုအခါမှာ အမေရိကန်၊ အစ္စရေး၊ ဥရောပနဲ့ တခြား အနောက်နိုင်ငံတွေက သင်္ဘောတွေကိုသာ ဖြတ်သန်းခွင့် ကန့်သတ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။စ-စ်ပွဲစတင်ကတည်းက ဟော်မုဇ်ရေလက်ကြားမှာ ရေကြောင်းသွားလာမှုတွေ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အခုချိန်မှာတော့ အမေရိကန်၊ အစ္စရေး၊ ဥရောပနဲ့ အနောက်အုပ်စုကို လိုလားတဲ့ နိုင်ငံတွေက သင်္ဘောတွေကိုသာ ရေလက်ကြား ဖြတ်သန်းခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။နိုင်ငံတကာ ဥပဒေတွေနဲ့ ဆုံးဖြတ်ချက်တွေအရ စ-စ်မက်ဖြစ်ပွားနေချိန်မှာ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ခွင့် အီရန်နိုင်ငံမှာ ရှိတယ်လို့ အစောပိုင်းကတည်းက ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRIB ရုပ်သံကနေတစ်ဆင့် IRGC က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်၊ အစ္စရေး၊ ဥရောပနဲ့ သူတို့ကို ထောက်ခံတဲ့ သင်္ဘောတွေကို တွေ့ရှိရင် သေချာပေါက် တို-က်ခို-က်သွားမယ်လို့လည်း သတိပေးထားပါတယ်။



