ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်းမျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီမနက် ၅နာရီ ၅၄မိနစ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။
“ကျွန်တော်တို့ သွားတဲ့အချိန်က တောင့်နေတာ ညပိုင်းကတည်းသေနေတာ ထင်တယ်။ ကျွန်တော်တို့လည်း အတိအကျတော့ မကြည့်တတ်ဘူး”လို့ ဆိုပါတယ်။



