back

စက်သုံးဆီ ချွေတာရေးအစီအစဉ်စတင်သည့် မတ် ၇ ရက်တွင် ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှု ပုံမှန်ထက်နည်းပါးကာပညာပေးကာလဖြစ်၍ အရေးယူခြင်းမရှိသေးဟုဆို

Mar 07 • 8:20 AM

breaking-news

Myanmar

Local

breaking-news
cover

စက်သုံးဆီ ချွေတာရေးအစီအစဉ်စတင်သည့် မတ် ၇ ရက်တွင် ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှု ပုံမှန်ထက်နည်းပါးကာပညာပေးကာလဖြစ်၍ အရေးယူခြင်းမရှိသေးဟုဆို

စက်သုံးဆီ ချွေတာရေးအစီအစဉ်စတင်သည့် မတ် ၇ ရက်တွင် ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှု ပုံမှန်ထက်နည်းပါးကာ ပူးပေါင်းအဖွဲ့ဖြင့် စတင်စစ်ဆေးနေပြီး ဖောက်ဖျက်ကျုးလွန်သူကိ...

စက်သုံးဆီ ချွေတာရေးအစီအစဉ်စတင်သည့် မတ် ၇ ရက်တွင် ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှု ပုံမှန်ထက်နည်းပါးကာ ပူးပေါင်းအဖွဲ့ဖြင့် စတင်စစ်ဆေးနေပြီး ဖောက်ဖျက်ကျုးလွန်သူကို ငွေဒဏ်နှစ်သောင်းနှင့် အလုပ်မဲ့ထောင်ဒဏ်တစ်လချမှတ်မည်ဖြစ်ပြီး ပညာပေးကာလဖြစ်၍ အရေးယူခြင်းမရှိသေး ကြောင်း သိရသည်။မတ် ၇ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့အတွင်း မ အက္ခရာရှိသည့် ယာဉ်နံပါတ်အများစုကို တွေ့ရှိခဲ့ရပြီး အခြား အငှားယာဉ်၊ YBS တို့မှာ ပုံမှန်အတိုင်း သွားလာနေလျှက်ရှိသည်။ပုံမှန်ထက်တော့ ကားကပိုနည်းသွားတယ်။မ ဂဏန်းအက္ခရာ ကားတွေကို ပိုတွေ့ရတယ်။စနေနေ့ ရုံးပိတ်ရက်ရယ် စုံ/မ ကိစ္စတွေကြောင့် ကားက ပိုနည်းတာဖြစ်နိုင်တယ်။လုပ်ငန်းသုံးကား တွေကတော့ ပုံမှန်အတိုင်း သွားနေကြတာပါ"ဟု ကျောက်တံတားမြို့နယ်အတွင်း ဈေးရောင်းချနေသူတစ်ဦးက ပြောကြားသည်။ပုံမှန်ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားသည့် အနော်ရထာလမ်းတွင် ယခင်နေ့ရက်များထက် ယာဉ်ကြောပိတ်ဆို့မှုနည်းပါးလျှက်ရှိသည်။

းလက်ရှိတွင် ရန်ကုန်မြို့တွင် ပူးပေါင်းအဖွဲ့များဖြင့် စုံ/မ အက္ခရာ စတင်ကျင့်သုံးမှုနှင့်ပတ်သက်၍ စတင်စစ်ဆေးနေသည်ကိုတွေ့ရပြီး ပညာပေးကာလဖြစ်၍ အရေးယူခြင်းမရှိသေးကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။စုံ/မ အက္ခရာ စတင်ကျင့်သုံးမှုနှင့်ပတ်သက်၍ ပညာပေးကာလအား မတ် ၁၃ ရက်အထိ သတ်မှတ်ထားကြောင်း အဆိုပါယာဉ်ထိန်းတပ်ဖွဲ့ဝင်ကဆိုသည်။လက်ရှိတွင် စုံရက် မရက်ခွဲခြား၍ မော်တော်ယာဉ်မောင်းနှင်သည့် စနစ်နှင့်ပတ်သက်၍ One Stop Service စနစ်ဖြင့် အရေးယူဆောင်ရွက်မည်ဟုဆိုပြီး One Stop Service အဖွဲ့ကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေး၊ ဥပဒေ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ မြို့ကြီးများနှင့် နယ်မြို့များတွင် အဖွဲ့များခွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာပေးကာလကို မတ် ၇ ရက်မှ မတ် ၁၃ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထုတ်ဆင့်ကြေညာထားသောအမိန့်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့မှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် (၁)လ၊ ငွေဒဏ် ကျပ်(၂)သောင်း၊ ဒဏ်နှစ်ရပ်လုံး ကျခံရမည်ဖြစ်ကြောင်း ပျံ့နှံ့လျက်ရှိသောစာအရ သိရသည်။

news-view-count-icon

28