back

မြန်မာအတွက် ကျောင်းသားဗီဇာရပ်တန့်မှု ပြန်သုံးသပ်သွားမယ်လို့ ဗြိတိသျှကောင်စီထုတ်ပြန်

Mar 07 • 8:19 AM

breaking-news

Myanmar

International

cover

မြန်မာအတွက် ကျောင်းသားဗီဇာရပ်တန့်မှု ပြန်သုံးသပ်သွားမယ်လို့ ဗြိတိသျှကောင်စီထုတ်ပြန်

ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄ နိုင်ငံမှ ကျောင်းသားများအတွက် ဗီဇာ (Student Visa) ပေးအပ်မှုကို မတ်လ ၄ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သော်လည်း အဆ...

ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄ နိုင်ငံမှ ကျောင်းသားများအတွက် ဗီဇာ (Student Visa) ပေးအပ်မှုကို မတ်လ ၄ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သော်လည်း အဆိုပါအစီအစဉ်မှာ ယာယီသာဖြစ်ပြီး ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီ (British Council) က မတ်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ပညာသင်ဗီဇာဖြင့် လာရောက်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ များပြားလာခြင်းကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နှင့် ကင်မရွန်းနိုင်ငံတို့အား ဗီဇာကန့်သတ်လိုက်ခြင်းဖြစ်သော်လည်း ယခုအခါ အခြေအနေများကို ပြန်လည်စိစစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဗီဇာရပ်ဆိုင်းမှုကြောင့် ပညာသင်သွားရောက်ရန် ပြင်ဆင်နေသူများအကြား စိုးရိမ်မှုများရှိနေစဉ် ယခုကဲ့သို့ ပြန်လည်သုံးသပ်မည့် သတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20