back

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်း ဒုက္ခသည်စခန်းများသို့ ရေအကူညီပေးမှုများ ရပ်တန့်နိုင်

Mar 07 • 8:33 AM

breaking-news

Myanmar

Local

breaking-news
cover

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်း ဒုက္ခသည်စခန်းများသို့ ရေအကူညီပေးမှုများ ရပ်တန့်နိုင်

စက်သုံးဆီ ပြတ်လပ်လာမှုကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းဒေသတွင် ဒုက္ခသည်စခန်းများသို့ အခမဲ့ ရေပေးဝေနေသည့် လုပ်ငန်းများ ရပ်တန့်သွားနိုင်ကြောင်း ကူညီရေး အဖွဲ့...

စက်သုံးဆီ ပြတ်လပ်လာမှုကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းဒေသတွင် ဒုက္ခသည်စခန်းများသို့ အခမဲ့ ရေပေးဝေနေသည့် လုပ်ငန်းများ ရပ်တန့်သွားနိုင်ကြောင်း ကူညီရေး အဖွဲ့များက ပြောသည်။ကရင်နီ ဒေသအတွင်း ရေရှားပါးသည့် ပြဿနာရှိနေပြီး ရေတင်ခြင်းနှင့် ရေပေးဝေခြင်း လုပ်ငန်းများကို စက်သုံးဆီအသုံးပြု၍ လည်ပတ်ရသည့်အတွက် ဆီမရရှိပါက ရေပေးဝေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလာနေကြောင်း သိရသည်။ဒီဘက်ဒေသက ရေရှားတဲ့ နေရာဆိုတော့ ရေတင်တာ၊ ရေကားနဲ့ သယ်တာတွေက ဆီမရှိရင် လုံးဝလုပ်လို့မရဘူး။ အခုဆိုရင် ရေဖြန့်ပေးတဲ့ လုပ်ငန်းတွေတောင် ရပ်ရမယ့်အခြေအနေ ဖြစ်လာနေတယ်” ဟု ကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ကရင်နီပြည်ရှိ စခန်းများတွင် နှစ်စဉ် ဆောင်းအကုန် နွေကူးကာလတွင် သောက်သုံးရေရှားပါးမှုကို ကြုံတွေ့ရလေ့ရှိပြီး ယခုနှစ်တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရေအထောက်အပံ့လုပ်ငန်းများ ပိုခက်ခဲလာကြောင်း ကူညီရေးအဖွဲ့များက ဆိုသည်။

news-view-count-icon

40