back

ထိုင်း၊ပတ္တရားမှာ ကိုရီးယားခရီးသွားဆီကနေ ငွေခိုးယူပြီး သောင်းကျန်းထွက်ပြေးခဲ့တဲ့ လိ-င်ပြောင်းအမျိုးသမီးကို ဘန်ကောက်မှာ ရဲတပ်ဖွဲ့ ဖ-မ်းဆီးရမိ

Mar 07 • 6:01 AM

breaking-news

Thailand

Local News

cover

ထိုင်း၊ပတ္တရားမှာ ကိုရီးယားခရီးသွားဆီကနေ ငွေခိုးယူပြီး သောင်းကျန်းထွက်ပြေးခဲ့တဲ့ လိ-င်ပြောင်းအမျိုးသမီးကို ဘန်ကောက်မှာ ရဲတပ်ဖွဲ့ ဖ-မ်းဆီးရမိ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပတ္တရားမြို့က Pool Villa တစ်ခုမှာ အသက် ၄၆ နှစ်အရွယ် ကိုရီးယားအမျိုးသား မစ္စတာကင်မ်နဲ့ သူငယ်ချင်းတွေဟာ ဖန်ဖာ အပါအဝင် လိ-င်ပြောင်းအမျ...

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပတ္တရားမြို့က Pool Villa တစ်ခုမှာ အသက် ၄၆ နှစ်အရွယ် ကိုရီးယားအမျိုးသား မစ္စတာကင်မ်နဲ့ သူငယ်ချင်းတွေဟာ ဖန်ဖာ အပါအဝင် လိ-င်ပြောင်းအမျိုးသမီး ၃ ဦးကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် မစ္စတာကင်မ်ရဲ့ ငွေဘတ် ၂ သောင်း ပျောက်ဆုံးသွားတဲ့အတွက် မေးမြန်းရာမှာ ဖန်ဖာ ဟာ ရုတ်တရက် သောင်းကျန်းပြီး ပစ္စည်းတွေ ပေါက်ခွဲ၊ အော်ဟစ်ဆဲဆိုကာ ခြံစည်းရိုးကျော် ထွက်ပြေးသွားခဲ့ပါတယ်။အဲဒီနောက် မစ္စတာကင်မ်နဲ့ သူငယ်ချင်းတွေဟာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေနဲ့အတူ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဖန်ဖာဟာ အရင်ကလည်း ပတ္တရားမှာ ဂျာမန်ခရီးသွားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ အမှုမှာ သံသယရှိသူအဖြစ် စာရင်းသွင်းခံထားရသူ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီအမှုအတွက် ပတ္တရားခရိုင်တရားရုံးက ဖ-မ်းဝရမ်း ထုတ်ဆင့်ထားပြီးနောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာတော့ ခရီးသွားရဲတပ်ဖွဲ့က ဖန်ဖာ (ခေါ်) အသက် ၂၀ အရွယ် ရတ်သပွန်းကို ဘန်ကောက်မြို့၊ ဟွေ့ခွမ်ခရိုင်မှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ ဝင်ရောက်ဖ-မ်းဆီးနိုင်ခဲ့ပါတယ်။ ဖ-မ်းဆီးချိန်မှာတော့ သူဟာ အလွန်တရာ စိတ်ဖိစီးနေတဲ့ ပုံစံပေါက်နေပြီး စစ်ဆေးမေးမြန်းဖို့အတွက် ပတ္တရား ခရီးသွားရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။စစ်ဆေးမေးမြန်းရာမှာတော့ ဖန်ဖာက ကိုရီးယားခရီးသွားဆီကနေ ငွေခိုးယူခဲ့တာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပါတယ်။ အိတ်ထဲမှာ ငွေအများကြီးကို မြင်တွေ့ရတဲ့အတွက် လောဘတက်ပြီး အခုလို ကျူးလွန်ခဲ့တာဖြစ်ကြောင်းနဲ့ နောက်နောင် ဒီလိုမျိုး ထပ်မလုပ်တော့ပါဘူးလို့ ကတိပေး တောင်းပန်သွားခဲ့ပြီး ရဲတပ်ဖွဲ့ကတော့ သူ့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာ ဖြစ်ပါတယ်။


news-view-count-icon

16