back

နှလုံးသက်ရှည်ကျန်းမာဖို့အတွက်အကျိုးသက်ရောက်မှုအများဆုံး(၃)ချက်

Mar 07 • 5:58 AM

breaking-news

Myanmar

Local

breaking-news
cover

နှလုံးသက်ရှည်ကျန်းမာဖို့အတွက်အကျိုးသက်ရောက်မှုအများဆုံး(၃)ချက်

နှလုံးသက်ရှည်ကျန်းမာဖို့အတွက် နေ့စဉ် ဖြည်းဖြည်းချင်း ကျင့်ကြံဆောင်ရွက်သွားနိုင်တယ်လို့ နှလုံးအထူးကုတွေ ပြောပါတယ်။ တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်း၊ နှလုံးကျန်းမာ...

နှလုံးသက်ရှည်ကျန်းမာဖို့အတွက် နေ့စဉ် ဖြည်းဖြည်းချင်း ကျင့်ကြံဆောင်ရွက်သွားနိုင်တယ်လို့ နှလုံးအထူးကုတွေ ပြောပါတယ်။ တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်း၊ နှလုံးကျန်းမာရေးညီညွတ်စွာ စားသောက်ခြင်း၊ အရက်ဆေးလိပ် ရှောင်ရှားခြင်းတို့က နှလုံးကျန်းမာရေး ကာကွယ်ရာမှာ အရေးအကြီးဆုံး ၃ ချက်ဖြစ်ကြောင်း ကလိဗ်လန်းဆေးရုံမှ နှလုံးအထူးကု ဂရန့်ရိဒ်က ပြောပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက နှလုံးကြံ့ခိုင်သန်မာစေပြီး သွေးပေါင်ချိန်နဲ့ ကိုလက်စထရောတို့ ထိန်းသိမ်းနိုင်စေမှာပါ။ တစ်ပတ်ကို အနည်းဆုံး အလယ်အလတ်လေ့ကျင့်ခန်း မိနစ် ၁၅၀ ပြုလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။ အသီးအနှံ၊ ဟင်းရွက်၊ ပရိုတိန်း၊ ကောင်းကျိုးပြုအဆီတို့ပါဝင်တဲ့ အစားအသောက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်။

news-view-count-icon

22