back

အီရန်အစိုးရကို စစ်ရေးအရ စတင်တိုက်ခိုက်ရန် အီရန်ကာ့ဒ်တပ်ဖွဲ့များအားထရန့်တိုက်တွန်း

Mar 07 • 4:40 AM

breaking-news

Myanmar

International

cover

အီရန်အစိုးရကို စစ်ရေးအရ စတင်တိုက်ခိုက်ရန် အီရန်ကာ့ဒ်တပ်ဖွဲ့များအားထရန့်တိုက်တွန်း

အီရန်အစိုးရကို စစ်ရေးအရစတင်တိုက်ခိုက်ရေးအတွက် အမေရိကန် သမ္မတဒေါ်နယ်ထရန့် က အီရန်ကာ့ဒ်လူမျိုး လက်နက်ကိုင်တပ်များကိုတိုက်တွန်းထားကြောင်း မတ် ၆ ရက် သတင်းများတွင် ရ...

အီရန်အစိုးရကို စစ်ရေးအရစတင်တိုက်ခိုက်ရေးအတွက် အမေရိကန် သမ္မတဒေါ်နယ်ထရန့် က အီရန်ကာ့ဒ်လူမျိုး လက်နက်ကိုင်တပ်များကိုတိုက်တွန်းထားကြောင်း မတ် ၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။အီရန်စစ်ရေး ပဋိပက္ခ ပိုမိုကျယ်ပြန့်လာချိန်တွင် အီရန်အစိုးရကိုတိုက်ခိုက်မှုများစတင်ရန် အီရန်ကာ့ဒ်တပ်ဖွဲ့များကို သမ္မတဒေါ်နယ်ထရန့်က တိုက်တွန်းထားခြင်းဖြစ်သည်။လက်ရှိအချိန်တွင် အီရန်စစ်ရေးပဋိပက္ခသည် ခုနစ်ရက်တာကြာမြင့်လာပြီဖြစ်ပြီး ပင်လယ် ကွေ့အာရပ်နိုင်ငံများအပြင် ဆိုက်ပရပ်၊ တူရကီနှင့်အဇာဘိုင်ဂျန်နိုင်ငံများကိုပါ အီရန်နိုင်ငံက ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။အီရန် မောင်းသူမဲ့လေယာဉ်များ တိုက်ခိုက်မှုအတွက် အီရန်ဒုံးကျည်စခန်းများကို ပစ်မှတ် ထားတုံ့ပြန် တိုက်ခိုက်ရလိမ့်မည် ဖြစ်ကြောင်းအဇာဘိုင်ဂျန်အစိုးရက သတိပေး ထားသည်။ယခုဖြစ်ပွားနေသော စစ်ပွဲသည် အီရန်နိုင်ငံရပ်တည်ရေးအတွက် သေရေးရှင်ရေး စစ်ပွဲ ဖြစ်ရာအမေရိကန်တပ်များရှိနေသော မည်သည့်နေရာမျိုးကိုမဆို တိုက်ခိုက်ရန်မှ တစ်ပါး မိမိတို့တွင် ရွေးချယ်စရာမရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေး ဝန်ကြီဆာအိဒ်ခါတီဇာဒီက မတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။အီရန်စစ်ရေးပဋိပက္ခ သတ္တမမြောက်နေ့ဖြစ်သော မတ် ၆ ရက်တွင်အစ္စရေးနှင့် အမေရိကန် တပ်များကတီဟီရန်မြို့တော်အပါအဝင် အီရန်နိုင်ငံတွင်းရှိ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။အီရန်ကို စစ်ရေးအရတိုက်ခိုက်မှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက် နိုင်ငံရေး လောင်းကစားပွဲတစ်ခုဖြစ်ပြီး အများပြည်သူထောက်ခံမှု နည်းပါးကြောင်းလူထု သဘော ထားစစ်တမ်း ထောက်ခံချက်များအရ သိရသည်။


news-view-count-icon

18