အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ မတ်လ ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာနေ့ (WED 2026) အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ "ရေရှည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်အတွက် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့် "အင်ဂျင်နီယာ လူ့စွမ်းအားပိရမစ်" မဟာဗျူဟာ ထူထောင်ရန် လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့သည်။ UNESCO နှင့် ကမ္ဘာ့အင်ဂျင်နီယာအသင်းများဖက်ဒရေးရှင်း (WFEO) တို့ ပံ့ပိုးသည့် ဤအခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအဖွဲ့ချုပ်မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး ဒေသတွင်း အင်ဂျင်နီယာပညာရပ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အာရှတိုက်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် ကမ္ဘ့ာအင်ဂျင်နီယာနေ့ အခမ်းအနားသို့ မြန်မာပါဝင်တက်ရောက် ဆွေးနွေး
Mar 07 • 4:17 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


