back

ရန်ကုန်၊ဒလမြို့အထိမ်းအမှတ်အဖြစ် တည်ဆောက်နေတဲ့ နာရီစင်သစ်ကြီးတွင် တစ်လုံးလျှင် ကျပ်သိန်း ၁၀၀ တန် ဆိုလာစနစ်သုံး နာရီ ၄ လုံး တပ်ဆင်ပြီးစီး

Mar 07 • 4:07 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်၊ဒလမြို့အထိမ်းအမှတ်အဖြစ် တည်ဆောက်နေတဲ့ နာရီစင်သစ်ကြီးတွင် တစ်လုံးလျှင် ကျပ်သိန်း ၁၀၀ တန် ဆိုလာစနစ်သုံး နာရီ ၄ လုံး တပ်ဆင်ပြီးစီး

ရန်ကုန်၊ဒလမြို့နယ် ကမ်းနား ကားကွင်း လက်မှတ်ရုံအနီးမှာ မြို့ရဲ့ အထိမ်းအမှတ်အဖြစ် တည်ဆောက်လျက်ရှိသည့် နာရီစင်သစ်ကြီးတွင် တစ်လုံးလျှင် ကျပ်သိန်း ၁၀၀ တန် ဆိုလာစနစ်သ...

ရန်ကုန်၊ဒလမြို့နယ် ကမ်းနား ကားကွင်း လက်မှတ်ရုံအနီးမှာ မြို့ရဲ့ အထိမ်းအမှတ်အဖြစ် တည်ဆောက်လျက်ရှိသည့် နာရီစင်သစ်ကြီးတွင် တစ်လုံးလျှင် ကျပ်သိန်း ၁၀၀ တန် ဆိုလာစနစ်သုံး နာရီ ၄ လုံး တပ်ဆင်ပြီးစီးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။အဆိုပါ နာရီစင်သစ်ကြီးအား ယခင်နာရီစင်အဟောင်းကို ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ဆောက်လုပ်ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ပထမဘိုးပိုင် စိုက်ထူကွန်ကရစ်လောင်းခြင်းကိုတော့ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)က တာဝန်ယူတည်ဆောက်နေခြင်းလည်းဖြစ်တယ်လို့ သိရပါတယ်။ထိုနာရီစင်ကြီး၏ အောက်ခြေခုံတုံးအမြင့် ၃ ပေ၊ ခုံတုံးပေါ်မှ နာရီစင်အမြင့်ပေ ၄၀ ၊ စုစုပေါင်း နာရီစင်ကြီး၏ အမြင့်မှာ ၄၃ ပေရှိကာ လေးဘက်မြင်နာရီစင်ကြီးဖြစ်ကြောင်း သိရပါတယ်။ဒလမြို့ အထိမ်းအမှတ် နာရီစင်သစ်ကြီးမှာ အချိန်မှန်မှုရှိစေရေးအတွက် ဆိုလာစနစ်တပ်ဆင်အသုံးပြုထားပြီး မက်စ်မြန်မာက လှူဒါန်းခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။


news-view-count-icon

29