ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီလက်ကျန်ရှိသော်လည်း အရောင်းပိတ်ထားခြင်း ရှိ၊ မရှိနှင့် စံချိန်စံညွှန်းကိုက်ညီမှု ရှိ၊ မရှိကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ဖောက်ဖျက်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ ဆိုင်များကို နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၅ နာရီခွဲအထိ တစ်ကြိမ် ခွဲခြားဖွင့်လှစ်ပေးနေပြီး တိုင်ကြားလိုပါက ဖုန်း ၀၇၄-၂၅၂၂၇၃၄ သို့ ဆက်သွယ်နိုင်သည်။ ထို့ပြင် ယနေ့ မတ်လ ၇ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုံ/မ စနစ် ကို ကျင့်သုံးနေပြီဖြစ်ရာ ယနေ့ (မတ် ၇) သည် "မ" ရက် ဖြစ်သဖြင့် ယာဉ်နံပါတ်အစ "မ" ဂဏန်းရှိသော ကားများသာ မောင်းနှင်ရမည်ဖြစ်ပြီး၊ မနက်ဖြန် (မတ် ၈) တွင် "စုံ" ကားများသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်သည်။ သို့သော် EV ယာဉ်များ၊ Taxi နှင့် လုပ်ငန်းသုံးယာဉ်များမှာမူ နေ့စဉ်ပုံမှန် မောင်းနှင်နိုင်ကြောင်းနှင့် အရန်ဆီ လုံလောက်စွာရှိသဖြင့် အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းမပြုရန် တိုက်တွန်းထားသည်။
Mar 07 • 3:49 AM
Myanmar
Kachin
Share
| 11 | 0 | 0 | 0 |


