မြန်မာနိုင်ငံအတွင်းသို့ တရားဝင်အခွန်ပေးဆောင်၍ တင်သွင်းထားသော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် မှတ်ပုံတင်ခြင်းမရှိဘဲ နံပါတ်ပြားအတုနှင့် အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုနေသည့် မော်တော်ယာဉ်များသည် သတ်မှတ်ထားသည့် ရက်စွဲများအလိုက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် လိုင်စင်ရယာဉ်များအတွက် ၂၀၂၆ ဧပြီ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်အတွက် မေ ၃၁ ရက်နှင့် ၂၀၂၀ ပြည့်နှစ်အတွက် ဇွန် ၃၀ ရက်တို့ကို နောက်ဆုံးရက်များအဖြစ် သတ်မှတ်ထားပြီး၊ သတ်မှတ်ကာလကျော်လွန်ပါက မှတ်ပုံတင်ပေးတော့မည်မဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
နံပါတ်ပြားအတုများ အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုသည့် မော်တော်ယာဉ်များ သတ်မှတ်ရက်များအတွင်း မှတ်ပုံတင်ရန်နှင့် လိုက်နာမှုမရှိပါက အရေးယူမည်
Mar 07 • 3:48 AM
Myanmar
Local
Share
| 27 | 0 | 0 | 0 |


