back

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေ ပြတ်လပ်မှု မရှိဘူးလို့ ပြော

Mar 07 • 3:38 AM

breaking-news

Thailand

Local News

cover

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေ ပြတ်လပ်မှု မရှိဘူးလို့ ပြော

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး Pattana Promphat က အရှေ့အလယ်ပိုင်းက တိုက်-ပွဲတွေကြောင့် ထိုင်းနိုင်ငံသားတွေကို ကူညီစောင့်ရှောက်ဖို့ ဆေးဝါးနဲ့ ပြည်သူ့ကျန်းမာရေး က...

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး Pattana Promphat က အရှေ့အလယ်ပိုင်းက တိုက်-ပွဲတွေကြောင့် ထိုင်းနိုင်ငံသားတွေကို ကူညီစောင့်ရှောက်ဖို့ ဆေးဝါးနဲ့ ပြည်သူ့ကျန်းမာရေး ကြိုတင်ပြင်ဆင်မှုတွေအကြောင်း သောကြာနေ့ (မတ်လ ၆ ရက်) အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။ ပဋိပက္ခရှည်ကြာလာရင် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေ လုံခြုံမှုရှိရေးကို ဆွေးနွေးခဲ့ကြပြီး ကနဦးအကဲဖြတ်ချက်အရ ဆေးဝါးပြတ်လပ်မှု မရှိနိုင်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်နီက ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာ အချိန်ပိုကြာနိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ အဲဒီဒေသကနေ ဆေးဝါးတင်သွင်းမှု နည်းပါးပြီး အများစုကို တရုတ်၊ အမေရိကန်နဲ့ ဥရောပတို့ကနေ တင်သွင်းတာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ဆေးဝါးတင်သွင်းသူတွေဟာ ပုံမှန်အားဖြင့် နှစ်လစာ သိုလှောင်ထားလေ့ရှိတဲ့အတွက် ပြတ်လပ်မှုမရှိနိုင်ဘူးလို့ နားလည်ထားပါတယ်။ ဆေးဝါးတချို့ ဝယ်ယူရခက်ခဲနိုင်ပေမယ့် ပြည်သူတွေကို စိုးရိမ်ထိတ်လန့်မှု မဖြစ်စေချင်ကြောင်းနဲ့ အခြေအနေတွေ ပိုမိုဆိုးရွားမလာဘူးဆိုရင် စိုးရိမ်စရာမရှိကြောင်း သူက အတည်ပြုပြောကြားခဲ့ပါတယ်။ဆေးရုံတွေကိုလည်း အခြေအနေကို အကဲဖြတ်ဖို့နဲ့ စွမ်းအင်၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ အပါအဝင် အရင်းအမြစ်တွေကို ချွေတာသုံးစွဲဖို့ ညွှန်ကြားထားပါတယ်။ အထူးသဖြင့် ပို့ဆောင်မယ့်အချိန်နဲ့ ဈေးနှုန်းတွေမှာ ဝယ်ယူရေးလုပ်ငန်းစဉ်တွေ ပိုမိုရှုပ်ထွေးလာနိုင်တဲ့အတွက် သတိထားစောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။ ဌာနအားလုံးကို ဂရုတစိုက်ဆောင်ရွက်ဖို့ မှာကြားထားပေမယ့် လူနာတွေကို ဆေးဝါးထုတ်ပေးတဲ့ ကာလကိုတော့ ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ထားရှိပါတယ်။



news-view-count-icon

14