စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် ယာဉ်နံပါတ်အလိုက် စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရန် ညွှန်ကြားထားမှုကို ဖောက်ဖျက်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ (ဒေသန္တရအမိန့်အား ဖီဆန်မှု) ဖြင့် အလုပ်မဲ့ထောင်ဒဏ် (၁) လနှင့် ငွေဒဏ် ၂ သောင်း ကျပ် ချမှတ်အရေးယူရန် လျှို့ဝှက်အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါကိစ္စကို စစ်ဆေးရန် ဌာနစုံပါဝင်သည့် One Stop Service အဖွဲ့များကို ဖွဲ့စည်းထားပြီး မတ်လ ၇ ရက်မှ ၁၃ ရက်အထိကို ပညာပေးကာလအဖြစ် သတ်မှတ်ထားကာ၊ မတ်လ ၁၄ ရက်နေ့မှစတင်၍ ဖမ်းဆီးအရေးယူမှုများ တိုက်ရိုက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ဤကန့်သတ်ချက်မှာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေနံဈေးနှုန်း မြင့်တက်လာမှုအပေါ် စက်သုံးဆီသုံးစွဲမှုကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
စုံ/မ စနစ်ဖြင့် ယာဉ်မောင်းနှင်ရေး ညွှန်ကြားချက်ကို မလိုက်နာပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် (၁) လနှင့် ငွေဒဏ်ချမှတ်ရန် အမိန့်ထုတ်ပြန်
Mar 07 • 3:35 AM
Myanmar
Local
Share
| 93 | 0 | 0 | 0 |


