back

မြန်မာကျောင်းသားများအတွက် FIFAနှင့် MFFကဘောလုံးလေးသောင်းကျော်ပေးအပ်

Mar 07 • 3:32 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာကျောင်းသားများအတွက် FIFAနှင့် MFFကဘောလုံးလေးသောင်းကျော်ပေးအပ်

မြန်မာကျောင်းသားတွေ အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်မြန်မာ့ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းပြီးAdidas အမှတ်တံဆိပ်ဘောလုံး ၄၂၇၆၀ကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ကမ္ဘာ...

မြန်မာကျောင်းသားတွေ အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်မြန်မာ့ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းပြီးAdidas အမှတ်တံဆိပ်ဘောလုံး ၄၂၇၆၀ကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းအကောင်အထည်ဖော်တဲ့ "Football For Schools Programme" အရပေးအပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများအတွက် Adidas ဘောလုံးများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်၊ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ Hotel Max (Kumudra Grand Ballroom) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၊သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ မြန်မာ့လက်ရွေးစင် ကစားသမားများ၊ နည်းပြများ၊ဆရာ၊ဆရာမများ၊ ကျောင်သား၊ကျောင်းသူ များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။



news-view-count-icon

50