မြန်မာနိုင်ငံအတွင်းရှိ အသင့်ထုပ်ပိုးထားသော စားသောက်ကုန်အမှတ်တံဆိပ်များတွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က မတ်လ ၄ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။ အဆိုပါနံပါတ်ကို ပုံနှိပ်ခြင်း၊ စတစ်ကာကပ်ခြင်း သို့မဟုတ် QR Code စနစ်တို့ဖြင့် ဖော်ပြနိုင်ပြီး ထုတ်လုပ်သူများအနေဖြင့် E-submission System မှတစ်ဆင့် မှတ်တမ်းတင် လျှောက်ထားနိုင်မည်ဖြစ်သည်။ ယခုညွှန်ကြားချက်သည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်နိုင်ရန်နှင့် ထုတ်ကုန်များကို နောက်ကြောင်းပြန်ခြေရာခံနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ထုတ်ပြန်သည့်နေ့မှစ၍ (၁) နှစ်နှင့် (၆) လအတွင်း ပြုပြင်တည့်မတ်ကာလ သတ်မှတ်ပေးထားသည်။ သတ်မှတ်ကာလကျော်လွန်ပြီးနောက် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းများကို အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၃၁ အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
| 26 | 0 | 0 | 0 |


