ကမ္ဘာ့ရွှေဈေးသည် မတ်လ ၆ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅,၁၀၀ ဝန်းကျင်ရှိနေပြီး ပြီးခဲ့သည့်ရက်ပိုင်းများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း Business Insider သတင်းအရ သိရသည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား စစ်ရေးတင်းမာမှုများကြောင့် ဈေးကွက်အတွင်း မရေရာမှုများ ရှိနေသော်လည်း ရွှေကို စိတ်ချရသည့် ရင်းနှီးမြှုပ်နှံမှု (Safe Haven) အဖြစ် ဝယ်လိုအား ခိုင်မာနေခြင်းကြောင့် ရွှေဈေးမှာ ဆိုးရွားစွာ ကျဆင်းသွားခြင်းမရှိဘဲ တည်ငြိမ်နေခြင်းဖြစ်သည်။ သို့သော် အဆိုပါနိုင်ငံရေး မတည်ငြိမ်မှုများ၏ အကျိုးဆက်အဖြစ် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမှာမူ တစ်ဟုန်ထိုး မြင့်တက်လျက်ရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
| 26 | 0 | 0 | 0 |


