back

မသန်စွမ်းသူများအားပြက်လုံးထုတ်သည့်ကိစ္စ ပြေလည်သွားပြီဟုဆို

Mar 07 • 3:10 AM

breaking-news

Myanmar

Yangon

cover

မသန်စွမ်းသူများအားပြက်လုံးထုတ်သည့်ကိစ္စ ပြေလည်သွားပြီဟုဆို

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က မသန်စွမ်းသူများအား ပြက်လုံးထုတ် တင်ဆက်ခဲ့မှုအပေါ် ဇာတ်သဘင်အဖွဲ့ တာဝန်ရှိသူကိုယ်တိုင် လာရောက်တောင်းပန်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက် နားလည်မ...

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က မသန်စွမ်းသူများအား ပြက်လုံးထုတ် တင်ဆက်ခဲ့မှုအပေါ် ဇာတ်သဘင်အဖွဲ့ တာဝန်ရှိသူကိုယ်တိုင် လာရောက်တောင်းပန်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက် နားလည်မှုရယူကာ ပြဿနာပြေလည်သွားပြီဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက Summit Parkview Hotel ၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ မသန်စွမ်းသူများသည် လူ့ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ရန် အရေးကြီးကြောင်းနှင့် နောင်တွင် ယခုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် သဘင်အစည်းအရုံး နာယကနှင့် မသန်စွမ်းအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) အနေဖြင့် လာမည့် ၅ နှစ်အတွင်း မသန်စွမ်းသူများ၏ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် သဘာဝဘေးဒဏ် ကူညီတုံ့ပြန်ရေး ကဏ္ဍ (၃) ခုကို ဦးစားပေး ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

news-view-count-icon

14