back

မြဝတီ KK Park သို့ သောင်ရင်းမြစ်အောက်မှ လျှို့ဝှက်သွယ်တန်းထားသည့် အင်တာနက်ပိုက်လိုင်းများကို ထိုင်းအာဏာပိုင်များ စီးနင်းဖြုတ်သိမ်း

Mar 07 • 3:09 AM

breaking-news

Thailand

Local News

cover

မြဝတီ KK Park သို့ သောင်ရင်းမြစ်အောက်မှ လျှို့ဝှက်သွယ်တန်းထားသည့် အင်တာနက်ပိုက်လိုင်းများကို ထိုင်းအာဏာပိုင်များ စီးနင်းဖြုတ်သိမ်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်တောင်ကျေးရွာမှ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ KK Park အွန်လိုင်းငွေလိမ်ခြံဝင်း (ကျားဖြန့်) သို့ သောင်ရင်းမြစ်ကြမ်းပြင်အောက်မှတစ်...

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်တောင်ကျေးရွာမှ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ KK Park အွန်လိုင်းငွေလိမ်ခြံဝင်း (ကျားဖြန့်) သို့ သောင်ရင်းမြစ်ကြမ်းပြင်အောက်မှတစ်ဆင့် လျှို့ဝှက်သွယ်တန်းထားသည့် အင်တာနက်ပိုက်လိုင်းနှင့် ကေဘယ်ကြိုးများကို ယမန်နေ့ (မတ်လ ၅ ရက်) တွင် ထိုင်းအာဏာပိုင်များက မြေကော်စက်များအသုံးပြု၍ တူးဖော်ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါနေရာ၌ အင်တာနက်အသုံးပြုမှု ပုံမှန်ထက် မြင့်မားနေသဖြင့် True Telecom ဆက်သွယ်ရေးကုမ္ပဏီက သတင်းပေးပို့ခဲ့ရာမှတစ်ဆင့် ထိုင်းရဲတပ်ဖွဲ့၊ စစ်တပ်နှင့် အထူးစုံစမ်းရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းစီးနင်းခဲ့ခြင်းဖြစ်ပြီး Network Management စနစ်နှင့် Gateway လိုင်းခွဲစက်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် သောင်ရင်းမြစ်တစ်လျှောက်၌ အလားတူ လျှို့ဝှက်သွယ်တန်းမှုများ ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေပြီး ပါဝင်ပတ်သက်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့ သတင်းများအရ သိရှိရပါသည်။

news-view-count-icon

15