back

အာဆီယံလမ်းစဉ်ကို မြှင့်တင်ပေးနိုင်ခဲ့သည့် လူပုဂ္ဂိုလ်/ အ ဖွဲ့အစည်းတို့အနေဖြင့် အာဆီယံဆု (ASEAN Prize 2026) လျှောက်ထားနိုင်

Mar 07 • 3:04 AM

breaking-news

Myanmar

International

cover

အာဆီယံလမ်းစဉ်ကို မြှင့်တင်ပေးနိုင်ခဲ့သည့် လူပုဂ္ဂိုလ်/ အ ဖွဲ့အစည်းတို့အနေဖြင့် အာဆီယံဆု (ASEAN Prize 2026) လျှောက်ထားနိုင်

အာဆီယံ၏ ဂုဏ်ပုဒ်နှင့် အာဆီယံလမ်းစဉ်များကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအား ချီးမြှင့်သည့် ၂၀၂၆ ခုနှစ် အာဆီယံဆု (ASEAN Prize 2026) ...

အာဆီယံ၏ ဂုဏ်ပုဒ်နှင့် အာဆီယံလမ်းစဉ်များကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအား ချီးမြှင့်သည့် ၂၀၂၆ ခုနှစ် အာဆီယံဆု (ASEAN Prize 2026) အတွက် အဆိုပြုလွှာများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက စတင်ခေါ်ယူနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် အသိုက်အဝန်း တည်ထောင်ရေးတို့တွင် သိသာထင်ရှားစွာ ဆောင်ရွက်ခဲ့သည့် အာဆီယံနိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းများ လျှောက်ထားနိုင်ပြီး၊ ဆုရရှိသူကို အာဆီယံဆုဖလားနှင့်အတူ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဝက်ဘ်ဆိုက်တွင် လျှောက်လွှာပုံစံရယူကာ မိမိတို့၏ ဆောင်ရွက်ချက်များကို အင်္ဂလိပ်ဘာသာဖြင့် အကျဉ်းချုပ်ရေးသား၍ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနသို့ မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။

news-view-count-icon

12