နိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ "သုဓမ္မသိင်္ဂီ" ဘွဲ့တံဆိပ်တော်ရရှိခဲ့သော တာချီလိတ်မြို့နယ်ဂုဏ်ဆောင် ဒေါက်တာနန်းဖြူနှင်း (ဖြူစင်သင်္ကန်းတိုက်) သည် မတ်လ ၆ ရက် မွန်းလွဲပိုင်းတွင် တာချီလိတ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးအမှူးပြုသော မြို့နယ်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူအများအပြားက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ဒေါက်တာနန်းဖြူနှင်းသည် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ရှင်သာမဏေနှင့် ရဟန်းလောင်း အပါး ၂၀၀ ကျော်ကို တစ်ဦးတည်းဒါယိကာခံ၍ သိက္ခာထပ်ပေးခြင်း၊ ဗုဒ္ဓသာသနာ အားနည်းသည့် ဒေသများတွင် သာသနိကအဆောက်အဦများ တည်ဆောက်လှူဒါန်းခြင်းနှင့် ပရိယတ္တိစာသင်တိုက်များ၌ ပစ္စည်းလေးပါး ထာဝရထောက်ပံ့ခြင်းစသည့် သာသနာပြုလုပ်ငန်းများကြောင့် ယခုဘွဲ့တံဆိပ်တော်ကို ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဘွဲ့တံဆိပ်တော်ကို မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည့် အခမ်းအနားတွင် ချီးမြှင့်အပ်နှင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်လေဆိပ်၌ ဂုဏ်ပြုကြိုဆိုခြင်းခံခဲ့ရသည့် တာချီလိတ်မြို့နယ်ဂုဏ်ဆောင် "သုဓမ္မသိင်္ဂီ"ဘွဲ့ရ ဒေါက်တာနန်းဖြူနှင်း
Mar 07 • 3:03 AM
Myanmar
Kachin
Share
| 15 | 0 | 0 | 0 |


