ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရွာသာကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒလ နှင့် ဆိတ်ကြီးခနောင်တိုမြို့နယ်များရှိ အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်) လျှောက်လွှာများကို လက်ခံလျက်ရှိရာ မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လိုင်စင်လျှောက်ထားလိုသူများသည် မတ်လ ၃ ရက်နေ့မှစတင်ကာ YCDC ၏ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် လိုင်စင် (C) အတွက် ကိုယ်ရေးအချက်အလက်များနှင့် လုပ်ငန်းအထောက်အထားများကို အွန်လိုင်းစနစ်ဖြင့် ဖြည့်သွင်းလျှောက်ထားနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်မြို့အတွင်း အသားထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်များကို မတ်လ ၁၀ ရက် နောက်ဆုံးထား၍ အွန်လိုင်းမှ လျှောက်ထားရန် YCDC အသိပေး
Mar 07 • 3:05 AM
Myanmar
Yangon
Share
| 17 | 0 | 0 | 0 |


