မြန်မာနိုင်ငံက အနုပညာရှင်တွေအပါအဝင် လူအများအပြားကို အလှအပရေးရာ ခွဲစိတ်မှုတွေလုပ်ပေးခဲ့တဲ့ ကြည်ချမ်းကိုအပါအဝင် ၂ ဦးကို အလှအပဆိုင်ရာ ဆေးကုသမှုလိုင်စင်မရှိဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ တိုကျို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မတ်လ ၅ ရက်နေ့ထုတ် ဂျပန်သတင်းတွေက ဖော်ပြပါတယ်။သူတို့နှစ်ဦးဟာ ဂျပန်နိုင်ငံမှာ ၂၀၂၅ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အထိ ဆေးကုသခွင့်လိုင်စင်မရှိဘဲ မြန်မာအမျိုးသမီး ၃ ဦးကို အလှအပဆိုင်ရာ ခွဲစိတ်မှု ၅ ကြိမ်လုပ်ခဲ့တယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။ဖမ်းဆီးခံရသူ ၂ ဦးအနက် စိုးဝင်းနိုင်ကတော့ ခွဲစိတ်မှုတွေမှာ အကူအညီ ပေးခဲ့သူလို့ ထွက်ဆိုထားပြီး၊ ကြည်ချမ်းကိုကတော့ စွဲချက်တွေကို ငြင်းဆိုထားသလို ဆေးကုသလုပ်ငန်းတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးကြောင်း ထွက်ဆိုတားတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြပါတယ်။



