ပဲခူးမြို့နယ်ရှိရပ်ကွက်များအတွင်း လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင်စက်သုံးဆီများ ရောင်းချနေသူများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးရာ (4)ဦးဖမ်းမိခဲ့ကြောင်းသိရသည်။ကိုဒါကျား၊ကျော်ကျော်၊ ကိုမျိုးမင်းလတ်၊ မမိုးသူတို့အား သက်သေခံပစ္စည်းများနှင့်အတူ စစ်ဆေးတွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။



