ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်၊ ခိုလမ်မြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ကိုင်သူများသည် သီးနှံ ရေဖျန်းရာတွင် စက်သုံးဆီအသုံးပြုပြီး ရေတင်ရ၍ ယခုဖြစ်ပေါ်နေသည့် စက်သုံးဆီပြဿနာသည် စိုက်ခင်းလုပ်သူများအပေါ် အကျိုးသက်ရောက်မှု ရှိလာကြောင်း ဒေသခံထံမှ သိရသည်။စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ အကန့်အသတ်ဖြင့် ရောင်းချမှုတို့ကြောင့် စိုက်ခင်းတောင်သူများအပြင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများလည်း အခက်တွေ့ရကြောင်း ခိုလမ်ဒေသခံထံမှ သိရသည်။



