စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းရှိ မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာကို မတ်လ (၆)ရက် ၊ နံနက်က ဖွင့်လှစ်ခဲ့ပြီး ကန်သာယာ ညစျေး(Night Market)ကို မတ်လ (၈)ရက် ညနေပိုင်းတွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ယခုဖွင့်လှစ်လိုက်သော မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာတွင် ပင်မအဆောက်အဦး (၄) ခုပါရှိပြီး ဆိုင်ခန်းပေါင်း (၄၁)ခန်းပါရှိကာ မော်တော်ကားပစ္စည်းနှင့် ကားအလှဆင်ပစ္စည်း အရောင်းဆိုင် (၁၀) ဆိုင်၊ မော်တော်ယာဥ်ပြုပြင်ရေးလုပ်ငန်း (၈) ခု၊ ကားရေဆေးဆီလိုက်လုပ်ငန်း (၁) ခု၊ မော် တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင် (၈) ဆိုင်၊ စားသောက်ဆိုင် (၉) ဆိုင်၊ ဆံသနှင့် အလှပြင်ဆိုင် (၁) ဆိုင်ဖွင့်လှစ်ထားသည်။မော်တော်ယာဉ်ရောင်းဝယ်ယူရေးစင်တာကို မတ်လ (၆) ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး ညပိုင်းတွင် စင်တာဝင်းအတွင်း နိုင်ငံကျော်အဆိုတော်များဖြစ်သည့် J Fire ၊ ချယ်ရီသင်း၊ လိမ္မော်သီး၊ ယွန်းသီရိကျော်တို့က တေးသံသာများဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်သည်။



