ဖယ်ခုံမြို့နယ် အတွင်းနေထိုင်သော စစ်ရှောင်များသည် သောက်သုံးရေရရှိရန်အတွက် တနာရီခွဲ ကားဖြင့် သွားရောက်ယူဆောင်ရသည်။ ထို့ကြောင့် လက်ရှိ စက်သုံဆီများ ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအသုံးပြုသည့် သောက်သုံးရေကို သွားရောက်သယ်ယူရန် ခက်ခဲမှုဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။လက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် နှစ်သောင်းခွဲ ဝန်းကျင် အထိရှိနေသည့်အပြင် စက်သုံးဆီရရန်လည်း ခက်ခဲကာ ဒီဇယ်များလည်း ပြတ်လပ်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။



