နိုင်ငံတော်အစိုးရမှချီးမြှင့်ပေးအပ်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သည့် "သုဓမ္မသိင်္ဂီ"ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသော တာချီလိတ်မြို့နယ်ဂုဏ်ဆောင် ဒေါက်တာနန်းဖြူနှင်း(ဖြူစင်သင်္ကန်းတိုက်)အား တာချီလိတ်လေဆိပ်၌ဂုဏ်ပြုကြိုဆိုသူအများအပြားရှိခဲ့ကြောင်း သိရသည်။ဒေါက်တာနန်းဖြူနှင်းသည် ဥပါသိကာဂုဏ်ရည်(၁ဝ) ပါးကိုစောင့်ထိန်းနေထိုင်ပြီး ဗုဒ္ဓသာသနာတော်ထွန်း ကားပြန့်ပွားစေရန် ရှင်သာမဏေ(၂၀၅)ပါးအား တစ်ဦးတည်းဒါယိကာခံယူ၍ ရှင်ပြုပေးခြင်း၊ စာသင်သားသာ မဏေ(၂၁)ပါးအား တစ်ဦးတည်းဒါယိကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါးတို့ကို ထာဝရထောက်ပံ့လှူဒါန်းခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။အဆိုပါ "သုဓမ္မသိင်္ဂီ"ဘွဲ့အား မတ် ၂ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ပွဲတွင် ချီးမြှင့်အပ်နှင်းခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။



