back

ထိုင်းနိုင်ငံ၊ ပတ္တရားမှာ ကိုယ်လုံးတီး လိင်လုပ်သားတွေက ငွေမပေးတဲ့ ဖောက်သည်ကို လိုက်လံဖမ်းဆီး ငွေတောင်းခံမှုဖြစ်ပွား

Mar 06 • 1:12 PM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ ပတ္တရားမှာ ကိုယ်လုံးတီး လိင်လုပ်သားတွေက ငွေမပေးတဲ့ ဖောက်သည်ကို လိုက်လံဖမ်းဆီး ငွေတောင်းခံမှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေအနီးတွင် နိုင်ငံခြားခရီးသွားတစ်ဦးနောက်သို့ လိင်ပြောင်းလဲထားသော အမျိုးသမီးနှစ်ဦးက လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အဝတ်ဗလာဖြင့...

ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေအနီးတွင် နိုင်ငံခြားခရီးသွားတစ်ဦးနောက်သို့ လိင်ပြောင်းလဲထားသော အမျိုးသမီးနှစ်ဦးက လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အဝတ်ဗလာဖြင့် ပြေးလွှားလိုက်ကာ ဆဲရေး ငွေတောင်းခံနေသည်ကို မတ်လ ၅ ရက် နံနက်အစောပိုင်းက တွေ့ရှိခဲ့ကြရသည်။ မျက်မြင်တွေ့ရှိသူများ၏ပြောကြားချက်များအရ ၎င်းတို့နှစ်ဦးက အုတ်ခဲတစ်ချပ်ကိုင်ဆောင်ကာ အိန္ဒိယ ခရီးသွားကို ခြိမ်းခြောက်ပြီး ငွေတောင်းခံနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ နောက်ဆုံးတွင် ညှိနှိုင်းမှုအပြီး အခြေအနေ ပြေလည်သွားခဲ့ပြီး ခရီးသွားက အဆိုပါ လိင်ပြောင်းအမျိုးသမီးနှစ်ဦးကို ဘတ် ၁၀၀၀ စီ ပေးဆောင်ရန် သဘောတူခဲ့ပြီး နှစ်ဖက်စလုံး လမ်းခွဲထွက်ခွါသွားခဲ့ကြကြောင်း သိရသည်။




news-view-count-icon

17