back

ဂျပန်မာဖီးယားခေါင်းဆောင်ကို အမေရိကန်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

Mar 06 • 1:11 PM

breaking-news

Japan

Local News

cover

ဂျပန်မာဖီးယားခေါင်းဆောင်ကို အမေရိကန်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ဂျပန်နိုင်ငံ၏ နာမည်ကျော် ယာကူဇာ (Yakuza) ဂိုဏ်းဝင်တစ်ဦးသည် နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ကုန်ကြမ်းပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ ...

ဂျပန်နိုင်ငံ၏ နာမည်ကျော် ယာကူဇာ (Yakuza) ဂိုဏ်းဝင်တစ်ဦးသည် နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ကုန်ကြမ်းပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ မှောင်ခိုကူးသန်းမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပြီးနောက် နယူးယောက်တရားရုံးက ၎င်းအား အင်္ဂါနေ့တွင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်သည်။ အသက် ၆၁ နှစ်အရွယ် တာကဲရှိ အဲဘီဆာဝါ (Takeshi Ebisawa) သည် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) ၏ နှစ်ရှည်လများ စုံစမ်းစစ်ဆေးမှုအပြီးတွင် ထိုင်းနိုင်ငံသား ပူးတွဲတရားခံ ဆွန်ဖော့ဆင်ဟာသီရိ (Somphop Singhasiri) နှင့်အတူ မူးယစ်ဆေးဝါးနှင့် လက်နက်မှုများဖြင့် ၂၀၂၂ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းအား စစ်ဘက်သုံး နျူကလီးယားပစ္စည်းများအပြင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ရောင်းချရန် ကြိုးပမ်းမှုဖြင့် ထပ်မံစွဲချက်တင်ခဲ့သည်။



news-view-count-icon

2