back

ဂျပန်တရားရုံးက အရင်က Unification Church လို့ခေါ်တဲ့အဖွဲ့ ဖျက်သိမ်းဖို့ အမိန့်ပေး

Mar 06 • 1:10 PM

breaking-news

Japan

Local News

cover

ဂျပန်တရားရုံးက အရင်က Unification Church လို့ခေါ်တဲ့အဖွဲ့ ဖျက်သိမ်းဖို့ အမိန့်ပေး

ဂျပန်အယူခံတရားရုံးတစ်ရုံးက အရင်က Unification Church လို့ လူသိများတဲ့ ဘာသာရေးဆိုင်ရာအဖွဲ့ကို ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ထုတ်ပြန်တာနဲ့အတူ အဖွဲ့ရဲ့...

ဂျပန်အယူခံတရားရုံးတစ်ရုံးက အရင်က Unification Church လို့ လူသိများတဲ့ ဘာသာရေးဆိုင်ရာအဖွဲ့ကို ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ထုတ်ပြန်တာနဲ့အတူ အဖွဲ့ရဲ့ပိုင်ဆိုင်မှုတွေကိုပါ ထုခွဲရောင်းချဖို့ လုပ်ထုံးလုပ်နည်းတွေကို ချက်ချင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Tokyo အထက်တရားရုံးရဲ့ တရားသူကြီး အကြီးအကဲ Miki Motoko က အဲဒီအဖွဲ့ရဲ့အယူခံကိုပယ်ချပြီး အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ အဲဒီအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ လူ ၁,၅၀၀ ကျော်ကို စုစုပေါင်း ယန်း ၂၀.၄ ဘီလီယံလောက် တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၃၀ လောက် ငွေကြေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ဆိုပြီး ခရိုင်တရားရုံးက ပြီးခဲ့တဲ့နှစ် မတ်လမှာ ဖျက်သိမ်းဖို့အမိန့် ထုတ်ပြန်ခဲ့ပါတယ်။




news-view-count-icon

2