back

ထိုင်းမှာ ဥပဒေသစ်အရ အခကြေးငွေယူပြီး ဆင်းမ်ကတ်ဖွင့်ပေးသူတွေ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ကြောင်း သတိပေး

Mar 06 • 1:09 PM

breaking-news

Thailand

Local News

cover

ထိုင်းမှာ ဥပဒေသစ်အရ အခကြေးငွေယူပြီး ဆင်းမ်ကတ်ဖွင့်ပေးသူတွေ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ကြောင်း သတိပေး

ထိုင်းနိုင်ငံရဲ့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုဥပဒေသစ်အရ အခကြေးငွေယူပြီး တခြားသူအတွက် ဆင်းမ်ကတ် (mule SIMs) ဖွင့်ပေးတာဟာ ထောင်ဒဏ် ၃ နှစ်အထိနဲ...

ထိုင်းနိုင်ငံရဲ့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုဥပဒေသစ်အရ အခကြေးငွေယူပြီး တခြားသူအတွက် ဆင်းမ်ကတ် (mule SIMs) ဖွင့်ပေးတာဟာ ထောင်ဒဏ် ၃ နှစ်အထိနဲ့ ဒဏ်ငွေ ဘတ် ၃ သိန်းအထိ ကျခံရနိုင်တယ်လို့ အမျိုးသား ရုပ်သံလွှင့်နဲ့ ဆက်သွယ်ရေး ကော်မရှင် (NBTC) က အများပြည်သူကို သတိပေးလိုက်ပါတယ်။ ရာဇဝတ်ကောင်တွေဟာ ကလေးတွေနဲ့ လူငယ်တွေ အပါအဝင် အများပြည်သူကို သူတို့ အသုံးမပြုတဲ့ ဖုန်းနံပါတ်တွေ မှတ်ပုံတင်ဖို့ သွေးဆောင်ဖြားယောင်းလာကြပါတယ်။ အဲဒီလို ဖွင့်ထားတဲ့ ဆင်းမ်ကတ်တွေကို အွန်လိုင်း ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုကြပြီး ကိုယ်ပိုင်အချက်အလက်ပေးကာ ကိုယ်စားဖွင့်ပေးသူတွေအနေနဲ့ ပြစ်မှုဆိုင်ရာ တာဝန်ယူရမှာ ဖြစ်ပါတယ်။




news-view-count-icon

9