ကမ္ဘာ့ရေနံစိမ်းဈေးတွေ တက်နေပေမယ့် ခရီးသည်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn က တက္ကစီ၊ ride-hailing (ဥပမာ- Grab) နဲ့ ဆိုင်ကယ်ကယ်ရီတွေ အပါအဝင် အများပြည်သူသုံး ယာဉ်စီးခတွေ ဒီနေ့ မတ်လ ၅ ရက် ကစတင်ကာ တိုးမကောက်ရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီအချိန်မှာ အခွင့်ကောင်းယူပြီး ဈေးတင်ကောက်တဲ့ ဘယ်လိုလုပ်ငန်းရှင်ကိုမဆို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။ လက်ရှိမှာ လောင်စာဆီဈေးကို ၁၅ ရက်ကြာ ထိန်းချုပ်ထားမယ့် အစီအစဉ်ရှိပြီး အဲဒီ ၁၅ ရက် ပြည့်သွားရင်တောင် စိုးရိမ်စရာ မလိုဘူးလို့ ဝန်ကြီးက အာမခံထားပါတယ်။



