စင်ကာပူနိုင်ငံရှိ အုပ်ချုပ်ရေးကိုယ်ပိုင်အုပ်ခွင့်ရ တက္ကသိုလ် (၆) ခုက ပူးပေါင်းကောက်ယူခဲ့တဲ့ စစ်တမ်းအရ ၂၀၂၅ ခုနှစ်မှာ ဘွဲ့ရခဲ့တဲ့ လူငယ်တွေဟာ အရင်နှစ်တွေကထက် အလုပ်အကိုင်ရရှိဖို့ ပိုမိုရုန်းကန်နေရတယ်လို့ သိရပါတယ်၊၊ စာမေးပွဲဖြေဆိုပြီး ခြောက်လအတွင်း အလုပ်အကိုင်ရရှိသူ အရေအတွက်ဟာ ၈၃.၄ ရာခိုင်နှုန်းသာ ရှိတော့တာကြောင့် ၂၀၂၄ ခုနှစ်က ၈၇.၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ လျော့နည်းသွားတာကို တွေ့ရပါတယ်၊၊ အလုပ်အကိုင်ရရှိမှုနှုန်း ကျဆင်းသွားပေမဲ့ ဘွဲ့ရသစ်တွေရဲ့ တစ်လပျမ်းမျှလစာ (Median Salary) ကတော့ စင်ကာပူဒေါ်လာ ၄,၅၀၀ (အမေရိကန်ဒေါ်လာ ၃,၅၀၀ ခန့်) မှာပဲ ဆက်လက်တည်ငြိမ်နေပါသည်။



