back

ဖမ်းဆီးရမိထားတဲ့ ၄၅ ပေါင်ဝင် မီးသွေး ၆၃၀ အိတ်ကို လေလံဆွဲဝယ်ယူခွင့်ပြုမယ်

Mar 06 • 12:54 PM

breaking-news

Myanmar

Mandalay

cover

ဖမ်းဆီးရမိထားတဲ့ ၄၅ ပေါင်ဝင် မီးသွေး ၆၃၀ အိတ်ကို လေလံဆွဲဝယ်ယူခွင့်ပြုမယ်

မုံရွာမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော ပုံစံ(၈)ဝင် ၄၅ ပေါင်ဝင် မီးသွေးအိတ် ၆၃၀ အိတ် ၊ တန်အားဖြင့် ၁၀၀ ဒသမ ၈၀၀၀ တန်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-ယင်းမာပင်ခရိ...

မုံရွာမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော ပုံစံ(၈)ဝင် ၄၅ ပေါင်ဝင် မီးသွေးအိတ် ၆၃၀ အိတ် ၊ တန်အားဖြင့် ၁၀၀ ဒသမ ၈၀၀၀ တန်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနမှ မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံဆွဲဝယ်ယူခွင့်ပြုမယ်လို့ သိရပါတယ်။အဆိုပါ လေလံအစီအစဉ်ကို လာမယ့် မတ် ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ထို့ကြောင့် စိတ်ပါဝင်စားသူများအနေနဲ့ လျှောက်လွှာနှင့် လေလံစည်းကမ်းချက် တစ်စုံလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ယနေ့ မတ်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ အဆိုပါဌာနမှာ ဝယ်ယူနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

news-view-count-icon

10