back

ချင်းမိုင်မြို့သည် ထိုင်း၏ လေထု အဆိုးရွားဆုံးအဆင့်ရှိနေပြီး ကျန်းမာရေး ထိခိုက်နိုင်

Mar 06 • 4:50 AM

breaking-news

Thailand

Local News

cover

ချင်းမိုင်မြို့သည် ထိုင်း၏ လေထု အဆိုးရွားဆုံးအဆင့်ရှိနေပြီး ကျန်းမာရေး ထိခိုက်နိုင်

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်အတွင်းရှိ မြို့နယ်အများစုတွင် ယနေ့ (မတ်လ ၆ ရက်) နံနက်ပိုင်း တိုင်းတာချက်များအရ လေထုအရည်အသွေးညွှန်းကိန်း (US AQI) မှာ ...

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်အတွင်းရှိ မြို့နယ်အများစုတွင် ယနေ့ (မတ်လ ၆ ရက်) နံနက်ပိုင်း တိုင်းတာချက်များအရ လေထုအရည်အသွေးညွှန်းကိန်း (US AQI) မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် "Unhealthy" အဆင့်သို့ ရောက်ရှိနေကြောင်း IQ Air ဝက်ဘ်ဆိုက်နှင့် ချင်းမိုင်ရေဒီယိုရဲတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။ အထူးသဖြင့် ချင်းမိုင်ခရိုင်၊ မဲအွန်း (Mae On) မြို့နယ်သည် ညွှန်းကိန်း ၁၆၉ ဖြင့် လေထုအဆိုးရွားဆုံး ဖြစ်နေပြီး ဒွိုင်စကတ်၊ ဆန်ဆိုင်းနှင့် ဟန်ဒုန်း စသည့်မြို့နယ်များလည်း ထိပ်ဆုံး (၁၀) မြို့စာရင်းတွင် ပါဝင်နေသည်။ မီးခိုးမြူနှင့် ဖုန်မှုန့်များ ဖုံးလွှမ်းနေမှုကြောင့် အများပြည်သူများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရနိုင်သဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများအနေဖြင့် အပြင်ထွက်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ကြရန် သိရသည်။

news-view-count-icon

14