back

တရုတ် NPC အစည်းအ​ဝေးက​​နေ ထိုင်ဝမ်အ​ရေး ပြတ်ပြတ်သားသား​ဆောင်ရွက်မယ်လို့ ကတိပြု

Mar 06 • 4:48 AM

breaking-news

China

Local News

cover

တရုတ် NPC အစည်းအ​ဝေးက​​နေ ထိုင်ဝမ်အ​ရေး ပြတ်ပြတ်သားသား​ဆောင်ရွက်မယ်လို့ ကတိပြု

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော် (NPC) နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်တွင် စတင်ခဲ့ပြီး အစိုးရလုပ်ငန်းအစီရင်ခံစ...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော် (NPC) နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်တွင် စတင်ခဲ့ပြီး အစိုးရလုပ်ငန်းအစီရင်ခံစာ၌ "ထိုင်ဝမ်လွတ်လပ်ရေး" လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား တားဆီးကာ ပြင်ပစွက်ဖက်မှုများကို ကန့်ကွက်သွားမည်ဟု ကတိပြုခဲ့သည်။ "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" နှင့် "တနိုင်ငံ၊ စံနစ်နှစ်မျိုး" မူများကို ဆက်လက်ဆုပ်ကိုင်ထားမည့် တရုတ်၏ တင်းမာသောရပ်တည်ချက်သည် အိမ်နီးချင်းနိုင်ငံများတွင်လည်း ဗဟိုအစိုးရကို ထောက်ခံမှုနှင့် တည်ငြိမ်မှုကိုသာ ပိုမိုလိုလားလာမည့် သဘောရှိကြောင်း သုံးသပ်ရသည်။ တရုတ်၏ ပြင်ပစွက်ဖက်မှု ဆန့်ကျင်ရေးမူဝါဒသည် မြန်မာ့အရေးအတွက် နိုင်ငံတကာစင်မြင့်တွင် အကာအကွယ်ပေးမှုများ ဆက်ရှိနေနိုင်သကဲ့သို့ တရုတ်၏ စီးပွားရေးအားကောင်းလာမှုသည်လည်း မြန်မာပြည်အတွင်းရှိ BRI နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ စီမံကိန်းများအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။

news-view-count-icon

9