အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။မတ်လ ၅ ရက်က မေဂျာလိဂ်ချန်ပီယံ အင်တာမိုင်ယာမီအသင်းကို အိမ်ဖြူတော်ကို ဖိတ်ကြားကာ ဂုဏ်ပြုတွေ့ဆုံပွဲ ပြုလုပ်ချိန်မှာ ထရမ့်က ပြောခဲ့တာဖြစ်တယ်။လီယို(မက်ဆီ)က ကစားသမားဘဝမှာ ၄၇ ကြိမ်မြောက်ဆုဖလား ဆွတ်ခူးခဲ့တယ်။ ဘောလုံးလောကမှာ အများဆုံးပေါ့။ သူဟာကမ္ဘာပေါ်က ဘယ်နေရာ၊ ဘယ်အသင်းမဆို သွားနိုင်သူပါ။ ပြီးတော့ သူက မိုင်ယာမီကို ရွေးချယ်ခဲ့တယ်။ ဒီဖြတ်သန်းမှုမှာ ကျွန်တော်တိုထံ သယ်ဆောင်လာတဲ့ အရာအားလုံးအတွက် သူ့ကို ကျေးဇူးတင်လိုပါတယ်။ ကျွန်တော် ဒီလိုတော့ မပြောသင့်ပါဘူး။ ဘာဖြစ်လိုလဲ
ဆိုတော့ ကျွန်တော်ဟာ အသက်အရွယ် ကြီးရင့်နေသူတစ်ယောက်ပါ။ ဒါပေမဲ့ ပီလီကစားတာကို ကျွန်တော် စောင့်ကြည့်ခဲ့တယ်။ခင်ဗျားဟာ ပီလီထက် ပိုကောင်းသလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ပီလီက တကယ်ကောင်းပါတယ်''လို ထရမ့်က ပြောခဲ့ပါတယ်။ထရမ့်က သူ့ရဲ့သားဖြစ်သူ ဘာရွန်ဟာ မက်ဆီရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။



