back

ဆေးဝါးဈေးနှုန်းများ မြင့်တက်လာနိုင်တာကြောင့် ထိုင်း ကျန်းမာရေးဝန်ကြီးဌာန အနီးကပ် စောင့်ကြည့်နေ

Mar 06 • 4:40 AM

breaking-news

Thailand

Local News

cover

ဆေးဝါးဈေးနှုန်းများ မြင့်တက်လာနိုင်တာကြောင့် ထိုင်း ကျန်းမာရေးဝန်ကြီးဌာန အနီးကပ် စောင့်ကြည့်နေ

အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကြောင့် ဆေးဝါးဈေးနှုန်း မြင့်တက်လာနိုင်ခြေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ရင် စီးပွားရေး ဝန်ကြီး...

အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကြောင့် ဆေးဝါးဈေးနှုန်း မြင့်တက်လာနိုင်ခြေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ရင် စီးပွားရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ကြားဝင် ဖြေရှင်းပေးဖို့ ပြင်ဆင်နေပါတယ်။ဒေသတွင်း ပဋိပက္ခ အရှိန်ပိုမြင့်လာတာကြောင့် ထိုင်း ပြည်သူ့ကျန်းမာရေးစနစ်အနေနဲ့ တိုက်ရိုက် ရိုက်ခတ်မှုတွေ တစ်ခုမှ မကြုံတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီး ပတ်တာနာ ပရွမ်ဖတ်က မတ် ၄ ရက်မှာ ပြောပါတယ်။အစိုးရ အေဂျင်စီတွေအနေနဲ့ နိုင်ငံတွင်း စုဆောင်းထားတဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေး ပစ္စည်း အရေအတွက်ကို ပြန်လည် စစ်ဆေးကြဖို့၊ ပို့ဆောင်ရေး ကြန့်ကြာတာနဲ့ သင်္ဘောလမ်းကြောင်းတွေ အနှောင့်အယှက် ရှိတဲ့ အခြေအနေမှာ ဆေးဝါး လုံလုံလောက်လောက် ဝယ်ယူနိုင်ရေး ဆေးဝါးရောင်းချတဲ့ နိုင်ငံတွေရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကိုလည်း စုံစမ်းထားဖို့ ဝန်ကြီးက ညွှန်ကြားထားပါတယ်။ဆေးဝါးနဲ့ ကျန်မာရေး ပစ္စည်းတွေ မပြတ်လပ်စေရေး တင်ကြို အစီအစဉ်တွေ လုပ်ဆောင်ထားပြီး အီရန် စစ်ပွဲ နောက်ထပ် အရှိန်မြင့်တက်လာတာ ဒါမှမဟုတ် ပိုမို ရှည်ကြာလာတာမျိုး မဖြစ်ဘူးဆိုရင် ဆေးဝါး ပြတ်လပ်နိုင်တဲ့ အန္တရာယ် မရှိဘူးလို့ ထိုင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ပြောင်းလဲလာမယ့် အခြေအနေတွေအတိုင်း အဆင်ပြေအောင် အလျင်အမြန် လုပ်ဆောင်နိုင်ရေး ထိုင်းအရာရှိတွေက အချက်လက်တွေ စုဆောင်းနေတယ်လို့ သိရပါတယ်။

အီရန် စစ်ပွဲ ကြာမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးက ပြောပေမယ့် ဈေးနှုန်း ဆေးဝါးဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။ပြည်ပ တင်သွင်းရတဲ့ ဆေးဝါးတွေအပေါ် မှီခိုအားကိုးနေရမှု လျှော့ချနိုင်ရေး ပြည်တွင်း ဆေးဝါး ထုတ်လုပ်မှု တိုးမြှင့်ဖို့လည်း လုပ်ဆောင်နေကြောင်း ဝန်ကြီးက ဆိုပါတယ်။ပြည်ပက မှာယူရတဲ့ ဆေးဝါးတချို့ ဈေးနှုန်း မြင့်တက်လာနိုင်ခြေ ရှိတယ်လို့တော့ သူက ဝန်ခံထားပါတယ်။ထိုင်းအစိုးရက ပြည်တွင်းမှာ ဆေးဝါး ပိုမို ထုတ်လုပ်ဖို့ ပြင်ဆင်နေပေမယ့် လိုအပ်တဲ့ ဓာတုပစ္စည်းတွေ အလုံအလောက်ရရှိဖို့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။



news-view-count-icon

11