ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန်၌ အမှတ် (၃) ရပ်ကွက်ရှိ "ပတ္တမြားငမောက်" စက်သုံးဆီဆိုင်က မြို့ခံဆိုင်ကယ်တက္ကစီသမားများအား ကူညီသောအားဖြင့်(မတ်လ ၅ ရက်) တွင် ဆိုင်ကယ်အစီးရေ ၁,၀၀၀ ကို တစ်စီးလျှင် ဆီ ၁၀,၀၀၀ ကျပ်ဖိုးစီ အခမဲ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ဆီဆိုင်ရှင်၏ ဤကဲ့သို့ ရက်ရောစွာ လှူဒါန်းမှုကြောင့် စက်သုံးဆီဝယ်ယူရန် ခက်ခဲနေသည့် အခြေခံလုပ်သား ဆိုင်ကယ်ကယ်ရီသမားများအတွက် များစွာအဆင်ပြေစေခဲ့ပြီး လူမှုကွန်ရက်တွင်လည်း ချီးကျူးမှုများ ရရှိနေကြောင်း သိရသည်။
စက်သုံးဆီပြတ်လပ်နေချိန်၌ မြဝတီမြို့ရှိ "ပတ္တမြားမယ်"ဆီဆိုင်က ဆိုင်ကယ်တက္ကစီ ၁,၀၀၀ စီးကို ဆီ ၁၀,၀၀၀ ဖိုးစီလှူဒါန်း
Mar 06 • 4:25 AM
Myanmar
Kayin
Share
| 38 | 0 | 0 | 0 |


