မိုးကောင်းဘုရားပွဲ ကပြဖျော်ဖြေမှုတွင် မသန်စွမ်းသူများ၏ လမ်းလျှောက်ပုံကို သရော်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အောင်ဇမ္ဗူဇာတ်အဖွဲ့မှ တာဝန်ရှိသူများနှင့် မင်းသားအောင်ဇမ္ဗူတို့သည် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့် အဖွဲ့ထံသို့ မတ်လ ၅ ရက် ညနေပိုင်းတွင် လူကိုယ်တိုင် လာရောက်တောင်းပန်ခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းပန်မှုတွင် ဦးမြတ်သူဝင်းအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အသင်းအဖွဲ့အပေါ် တိုက်ခိုက်မှုနှင့် မသန်စွမ်းသူများအပေါ် စော်ကားခဲ့မှုများအတွက် အားလုံးကိုယ်စား တောင်းပန်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် အောင်ဇမ္ဗူဇာတ်အဖွဲ့မှာ ပွဲကခွင့် တစ်နှစ်ပိတ်ပင်ခံခဲ့ရသော်လည်း ချက်ချင်းဆိုသလို ပွဲပြန်ကခွင့် ရရှိခဲ့သည့်အပေါ် ဝေဖန်မှုများရှိနေပြီး၊ ရွှေမင်းသားဖောင်ဒေးရှင်းအနေဖြင့် ဖြစ်ရပ်အသေးစိတ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို မတ်လ ၆ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မသန်စွမ်းသူများကို သရော်ခဲ့သည့်ကိစ္စအတွက် အောင်ဇမ္ဗူဇာတ်အဖွဲ့က ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌထံ လာရောက်တောင်းပန်
Mar 06 • 4:23 AM
Myanmar
Yangon
Share
| 12 | 0 | 0 | 0 |


