အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ပြည်တွင်း၌ ရောင်းချနေသော အလှကုန်များကို စစ်ဆေးခဲ့ရာတွင် အလှကုန်ပစ္စည်း နှစ်မျိုး၌ ဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မတ်လ ၅ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ အဆိုပါ အလှကုန်ပစ္စည်းများသည် အသားအရေနှင့် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သဖြင့် အများပြည်သူများ ဝယ်ယူသုံးစွဲခြင်း မပြုရန် သတိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


