အီရန်နှင့် ဖြစ်ပွားနေသော လေကြောင်းစစ်ပွဲကြောင့် အစ္စရေးနိုင်ငံ၏ စီးပွားရေးဆုံးရှုံးမှုသည် လက်ရှိ လုံခြုံရေးကန့်သတ်ချက်များအောက်တွင် တစ်ပတ်လျှင် အမေရိကန်ဒေါ်လာ ၂.၉၃ ဘီလီယံ (ရှီကယ် ၉ ဘီလီယံကျော်) အထိ ရှိလာနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများနောက်ပိုင်း လက်တုံ့ပြန်မှုများကြောင့် အစ္စရေးတွင် စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ လူစုလူဝေးတားမြစ်ခြင်းနှင့် အရန်တပ်ဖွဲ့ဝင်များ ဆင့်ခေါ်ခြင်းတို့ကြောင့် လုပ်ငန်းခွင်လှုပ်ရှားမှုများ ရပ်ဆိုင်းနေရခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် စီးပွားရေး ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၆ ခုနှစ်အတွက် ၅ ရာခိုင်နှုန်းကျော် တိုးတက်ရန် မျှော်မှန်းထားသော်လည်း၊ ယခုစစ်ဆင်ရေးမှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်သဖြင့် စီးပွားရေးအပေါ် သက်ရောက်မှု ပိုမိုကြီးမားလာနိုင်ကြောင်းနှင့် ထိခိုက်မှုလျှော့ချရန်အတွက် ကန့်သတ်ချက်အဆင့်များကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုထားကြောင်း သိရသည်။
Mar 06 • 4:21 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


